နွေဦး၇ာသီသစ်၇ွက်ဝေ
Monday, August 27, 2012
Sunday, August 26, 2012
အကျင့်ဆိုးတွေ ပြင်ရအောင်
Users' Comments ![]() |
|
Average user rating
|
|
Display 6 of 6 comments
|
1.
07-12-2011 13:43
good
In myanmar, I listed all kinds of jobs and compared with those of other nations.
ထာ၀၇ဘု၇ားသည်ငါဧ။်သိုးထိန်းဖြစ်တော်မူဧ။်
ထာ၀၇ဘု၇ားသည်ငါဧ။်သိုးထိန်းဖြစ်တော်မူဧ။် ။ငါသည်ဆင်း၇ဲမခံ၇။ စိမ်းလန်သောကျက်စား၇ာအ၇ပ်ငါ.ကိုအိပ်စေတော်မူဧ။်။သာယာသောမြစ်နားသောလမ်းပြတော်မူဧ။်ငါ.၀ိညဉ်ကိုအားဖြည်.၇်ျနာမတော်အဖို.လို.ငှါတ၇ားလမ်းထဲ.၌
သစ်၇ွက်ကလေးများအကြောင်း
နွေဦ်းအချိန်တွင်သစ်၇ွက်ကလေးများသည်လေ.ယူ၇ာယိမ်းနွဲ.နေကြ၇ပါသည်။လူတို.သည်ထိုသစ်၇ွက်ကိုသတိမထားမိကြပါ.၊နင်းသွာြ.ခြင်း၊မီး၇ှို.ခြင်း၊မြေမြှူပ်ခြင်းများပြူလုပ်ကြပါသည်။သစ်၇ွက်ကလေးများဘ၀မှာသနားဖွယ်၇ာကောင်းပါသည်။ လူသားများသစ်၇ွက်ကလေးများဘ၀ကိုသနားကြပါ။
Subscribe to:
Comments (Atom)

အတော်ခေတ်စားလာခဲ့ပါသည်။
ဒီမိုကရေစီသည် ဒီမိုကရက်တီးယား ဆိုသော ဂရိဘာသာစကားမှ
ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ တိုင်းသူပြည်သားများချမှတ်ထားသော
နည်းလမ်း (Rule of the people) ဖြစ်သည်ဟု ဖတ်မှတ်ဖူးလေသည်။ ထို့ထက်ကို
ပိုပြီး အသေးစိတ်ပြောရမည်ဆိုလျှင် တိုင်းပြည်၏ကံကြမ္မာကို
တိုင်းသူပြည်သားများ၏ စိတ်ကြိုက် ပြုပြင်ဆောင်ရွက်ကြခြင်းဖြစ်ပြီး
အချို့နိုင်ငံများက တိုင်းသူပြည်သားများ၏ ဆုံးဖြတ်ချက်များကို
တိုက်ရိုက်မဲခွဲဆုံးဖြတ်ကြပြီး အချို့နိုင်ငံများကတော့
တိုင်းသူပြည်သားများ မဲခွဲဆုံးဖြတ်၍ ရွေးချယ်ထားသော အစိုးရ၏
ကြိုးပမ်းချက်အပေါ် မူတည်လေသည်။ အခြေခံအချက်မှာတော့ တိုင်းသူပြည်သားများပင်
ဖြစ်လေသည်။ ထို့ကြောင့် ဒီမိုကရေစီခေတ်ကြီးတွင်
နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီ၏ စည်းကမ်း၊ အကျင့်စာရိတ္တမှာ
အရေးကြီးလှသည်။ စည်းကမ်းမရှိ၊ အကျင့်စာရိတ္တမကောင်းသော နိုင်ငံသားများ၏
နိုင်ငံသည်လည်း စည်းကမ်းရှိသည့် နိုင်ငံတစ်ခုဖြစ်လာမည် မဟုတ်ပေ။
ဥပမာတစ်ခုပေးရလျှင် ဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများတွင်
ဘယ်နေရာဖြစ်ဖြစ် စည်းကမ်းတကျ တန်းစီစနစ်ကို ကျင့်သုံးနေကြသော်လည်း
ကျွန်တော်တို့ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
အချို့နေရာများသာ တန်းစီစနစ်ကို ကျင့်သုံးနိုင်ကြပေသည်။ ဘယ်နေရာဖြစ်ဖြစ်
စည်းကမ်းတကျ တန်းစီ၊ လမ်းဘေးဝဲယာ အပေါ့အပါးမသွားခြင်း၊ အမှိုက်ကို
စည်းကမ်းတကျ ပစ်ခြင်းများသည် နိုင်ငံသားတိုင်း၏ အနည်းဆုံး လုပ်ဆောင်ရမည့်
တာဝန်များဖြစ်တော့သည်။
ကုန်ဈေးနှုန်း နှင့် ဘီယာဆိုင်။
။ ကုန်ဈေးနှုန်းတွေ တက်လိုက်တာ၊ ဈေးတွေက ခေါင်ခိုက်နေတာပဲ ဆိုပြီး
ညည်းတွားသံတွေ ဟိုနားဒီနားတွင် မကြာခဏ ကြားနေရပါသည်။
ငွေကြေးဖောင်းပွမှုကြီးကလည်း ကြီးသထက်ကြီးထွားလို့ ဘယ်နိုင်ငံမှာမှ
အသုံးပြုတယ်လို့ မကြားဖူးသော သကြားလုံးကို ငွေအကြွေအဖြစ် သုံးစွဲနေကြသည်။
စီးပွားရေး အဆင်မပြေကြပေမယ့် နိုက်ကလပ်၊ အနှိပ်ခန်း၊ ကာရာအိုကေ၊
စင်တင်တေးဂီတ၊ ဘီယာဆိုင်တွေ မှိုလိုပေါက်လာတာကိုတော့ မျက်ဝါးထင်ထင်ပင်
မြင်တွေ့နေရ၏။ ပိုက်ဆံရှိသူကလည်း ရှိသလို သုံးဖြုန်း၊ ပြီးရင် မရှိဘူး၊
လုပ်စားကိုင်စားရတာ မလွယ်ဘူးလို့ ညည်းတွားသလို ပိုက်ဆံမရှိသူကလည်း
ပိုက်ဆံကလေးရှိလာလျှင် သုံးဖြုန်းလို့ မွဲလာတဲ့အခါ နှစ်လုံး၊ သုံးလုံး
အားကိုးလိုက် နှစ်လုံးပေါက်လာလျှင် သုံးဖြုန်းလိုက်နှင့် ကျွန်တော်တို့
ပတ်ဝန်းကျင်မှာ အဲလိုလူတွေ ဘယ်လောက်များများရှိနေသလဲဆိုတာ
စီးပွားဖြစ်နေတဲ့၊ တိုးပွားလာနေတဲ့ ထိုစီးပွားရေးလုပ်ငန်းများက
သက်သေပြနေပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းတစ်ခုတွင်
မြန်မာတွေ မဖြုန်းတီးကြဘဲ ချွေတာကြဖို့ တတ်နိုင်သလောက်
မိမိခြံဝန်းအတွင်းတွင် စိုက်ပျိုးစားသောက်ကြဖို့ ပြောခဲ့ဖူးလေသည်။
ဟိုးလေးတကျော်
ဖြစ်ခဲ့ကြပါသေးသည်။ တချို့ကလည်း အရင်အလံပဲ ကြိုက်တယ်၊ တချို့ကလည်း
အရင်အလံက မဆလအလံဖြစ်လို့ မကြိုက်ဘူး၊ စသဖြင့် အငြင်းပွားမှုများကိုပါ
ဖတ်လိုက်ရပါသေးသည်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံ၏အလံသည် အဓိပ္ပါယ်ရှိရန်
အလွန်လိုအပ်မည်ဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှု၊
အဆင့်အတန်းပြည့်မှီမှု၊ ချမ်းသာကြွယ်ဝမှု၊ အောင်မြင်ကျော်ကြားမှုများနှင့်
နှိုင်းယှဉ်လျှင် ဘာမှမဟုတ်သော အရာလေး တစ်ခုမျှသာ ဖြစ်သောကြောင့် လိုအပ်သော
အဓိကနှင့် သာမညကို ခွဲခြားသိစေချင်လှပါသည်။ 





